Commons:ပထမခြေလှမ်းများ

From Wikimedia Commons, the free media repository
Jump to navigation Jump to search
This page is a translated version of a page Commons:First steps and the translation is 90% complete. Changes to the translation template, respectively the source language can be submitted through Commons:First steps and have to be approved by a translation administrator.
Outdated translations are marked like this.
ဝီကီမီဒီယာအား ပုံဖော်ပြသခြင်း
Wikimedia Commons တွင် အကြောင်းအရာများအား ပံ့ပိုးပေးခြင်းအတွက် လမ်းညွှန်

Wikimedia Commons ဆိုတာ ဘာလဲ?

Wikimedia Commons သည် ဖိုင်ပေါင်း သန်းဆယ်ချီရှိသော အကြီးဆုံးစာရင်းဝင် အွန်လိုင်းဘဏ္ဍာသိုက်ကြီး တစ်ခုဖြစ်သည်။ စေတနာ့ဝန်ထမ်းထောင်ပေါင်းများစွာ၏ ပံ့ပိုးပေးမှုများဖြင့် ဝီကီပီးဒီးယားနှင့် အကျိုးအမြတ်မဖက်သော ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ အခြားသော ပရောဂျက်များမှ အသုံးပြုသောသင်ကြားရေးဆိုင်ရာ ပုံများ၊ ဗွီဒီယိုများနှင့် အသံဖိုင်များကို Commons မှ လွှင့်တင်ပေးထားပါသည်။ Commons ပေါ်မှ အရာများအားလုံးသည် “လွတ်လပ်သော လိုင်စင်” အောက်တွင် အကျုံးဝင်ပါသည်။ ဆိုလိုသည်မှာ ဖန်တီးသူကို ရည်ညွှန်းခြင်းနှင့် လိုင်စင်ထိန်းသိမ်းခြင်း အစရှိသည့် လိုင်စင်ဥပဒေများကို လိုက်နာကာ ယင်းဖိုင်များကို မည်သူမဆို ရယူသုံးစွဲနိုင်သလို ပြန်လည်ဖြန့်ဝေနိုင်သည်။




Wikimedia Commons ၏ ပင်မစာမျက်နှာ

Wikimedia Commons မှာ ဘာကြောင့် ပံ့ပိုးရေးသားတာလဲ?

လူတစ်ဦးချင်းစီသည် ဗဟုသုတပေါင်းများစွာကို လွတ်လပ်စွာ ဝေမျှနိုင်သည့် ကမ္ဘာတစ်ခုကို စိတ်ကူးယဉ်ကြည့်ပါ။ သင်၏ပံ့ပိုးမှုများသည် ယင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။ သင့်ဓါတ်ပုံများနှင့် အခြားသောဖိုင်များကို Commons ပေါ်တွင် ဝေမျှကာ ဝီကီပီးဒီးယား ဆောင်းပါးများတွင် ပုံဖော်ပြသလိုက်လျှင် ကမ္ဘာတစ်ဝှမ်းရှိ လူများထောင်ပေါင်းများစွာ - ထောင်ပေါင်းရာချီသော လူများမှ တွေ့မြင်နိုင်ပါမည်။ ထို့အပြင် Commons မှ မီဒီယာများကို သင်ကြားရေးဝက်ဘ်ဆိုဒ်များ၊ သတင်းမီဒီယာများ၊ ဘလော့ခ်ရေးသားသူများ၊ အနုပညာရှင်များ၊ ရုပ်ရှင်ဖန်တီးသူများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် အခြားသူများစွာမှ အသုံးပြုနေကြသည့်အတွက် သင်သည် ပိုမိုများပြားသော ပရိတ်သတ်များထံ ရောက်ရှိနိုင်မည့် ဘုံရင်းမြစ်တစ်ခုကို တည်ထောင်ရာတွင် အကူအညီပေးနိုင်ပါလိမ့်မည်။



စတင်ရန် အဆင်သင့်
Wikimedia Commons?
Shortcuts
This project page in other languages: